ထားဝယ် ၇ ဧပြီ
“အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ၂၀၁၉ ခုနှစ် ၊ ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်က အဖွင့်အမှာ စကားပြောကြားရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)တွင် လူတိုင်းလက်လှမ်းမှီ ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိဆောင်ရွက်နိုင်ရန် ၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦ ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးဆိုင်ရာဘဏ္ဍာရေး စီမံခန့်ခွဲထောက်ပံ့မှုတို့ကို အားဖြည့်ဆောင် ရွက်လျက်ရှိကြောင်း ၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ လုံလောက်မှု ၊ အခြေခံအဆောက်အဦများ ပြည်စုံမှုနှင့် ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန် အရည်အသွေးများ ကောင်းမွန်မှုတို့ရှိရန် လိုအပ်ကြောင်း ၊ အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက် ပေးနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရန်လိုကြောင်း ပြောကြားသည်။
ထိုနောက် တိ်ုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးဒေါက်တာထွန်းမင်း က WHO ( South East Asia ) Regional Director Dr Poonam Khetrapal Singh ၏ ၂၀၁၉ ခုနှစ် ၊ ကမ္ဘာ့ကျန်းမာရေးနေ့ သဝဏ်လွှာ ကို ဖတ်ကြားပြီး တာဝန်ရှိသူများ က ၂၀၁၈ ခုနှစ် စံပြမြို့နယ်ဆုရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများအား ဆုချီးမြှင့်ကာ ကမ္ဘာ့ကျန်းမာ ရေးနေ့အထိမ်းအမှတ်ပြခန်းငယ် အားကြည့်ရှုအားပေးသည်။
အဆိုပါအခမ်းအနားသို့တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ၊ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ လူမှုရေးအဖွဲ့အစည်းများ ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN


