ဒီးမော့ဆို ၁  ဧပြီ    

၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်း ဆွေး နွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ က အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဖွဲ့စည်းထားသော ကြီးကြပ်မှုကော်မတီ၊ မဏ္ဍပ်ဆောက်လုပ်ရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ/ပိတ်ပွဲကျင်းပရေး ဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ဖိတ်ကြားကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သယ်ယူ ပို့ဆောင်ရေးဆပ်ကော်မတီ၊ လုံခြံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးနှင့် အသုံးစရိတ်စိစစ်ရေးဆပ်ကော်မတီ၊ အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်းနှင့် သက်ကြီးဘိုးဘွား ကန်တော်ပွဲ ကျင်းပနိုင်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အား ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)