နေပြည်တော် ၃ ဧပြီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြုနိုင်ကြပါရန် သက်သာသော စျေးနှုန်းဖြင့်ငါးကျည်း၊ ရွှေဝါငါးကြင်း၊ ရောင်စုံငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမနှင့် တီလားပီးယားငါးသားပေါက် (၁"မှ ၄") အရွယ်အစားများကို မြန်မာ့နှစ်ဆန်း (၁)ရက်နေ့တွင် အောက်ပါနေရာများ၌ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် - ရေဆင်းငါးလုပ်ငန်းစခန်း
ရန်ကုန်မြို့ - ရွှေတိဂုံစေတီတော်၊ သွေးဆေးကန်၊ ကမ္ဘာအေးကုန်းမြေ၊ မင်္ဂလာကန်တော်ကြီး၊ စွယ်တော်မြတ်စေတီတော်၊ သာဓုကန်ဘုရား
မန္တလေးမြို့ - ကျုံးမြို့ရိုးဘေး-၂၆ လမ်း၆၆/၆၇ လမ်းကြား၊ ၂၆ လမ်း၇၀/၇၁ လမ်းကြား၊
ပဲခူးမြို့ - ရွှေသာလျောင်းဘုရားကြီး၊ လိပ်ပြာကန်
ဟင်္သာတမြို့ - ဦးပါရဲဘုရား
မအူပင်မြို့ - ပေါ်တော်မူဘုရားရှေ့၊စိမ်းမြကန်သာဘုရားအရှေ့
ပုသိမ်မြို့ - မြို့တော်ခန်းမရှေ့၊
ဗန်းမော်မြို့ - ဗန်းမော်ငါးလုပ်ငန်းစခန်း
ဝိုင်းမော်မြို့ - ဆုတောင်းပြည့်ဘုရားအနီး၊မြစ်ကြီးနား
ရွှေဘိုမြို့ - မြို့မစျေးထိပ်
ကြိုတင်မှာယူလိုသူများသည် အောက်ပါငါးလုပ်ငန်းစခန်းများသို့ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်ပါသည်-
ရေဆင်းငါးလုပ်ငန်းစခန်း (နေပြည်တော်) - ဖုန်း ၀၉-၂၅၀၂၀၇၇၃၇
လှော်ကားငါးလုပ်ငန်းစခန်း (ရန်ကုန်) - ဖုန်း ၀၉-၂၅၄၄၈၅၇၉၈
လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်း (ရန်ကုန်) - ဖုန်း ၀၉-၄၀၀၄၄၄၅၀၅
ပဲခူးငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၄၂၅၃၀၀၅၆၈
သနပ္ပင်ငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၄၂၈၃၃၉၁၀၄
ပုသိမ်ငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၄၀၂၅၀၆၃၅၁
တလုပ်လှငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၇၈၁၅၉၂၀၀၃
ဟင်္သာတငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၇၈၀၅၉၃၀၉၁
သရက်ကုန်းငါးလုပ်ငန်းစခန်း (မန္တလေး) - ဖုန်း ၀၉-၄၅၆၀၀၃၀၂၇
ရွှေဘိုငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၄၂၆၄၆၁၁၀၃
ဝိုင်းမော်ငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၄၀၀၀၅၀၈၇၈
ဗန်းမော်ငါးလုပ်ငန်းစခန်း - ဖုန်း ၀၉-၇၆၀၇၃၆၂၈၈
အဆိုပါဇီဝိတဒါန ငါးလွှတ်ကြရာတွင် ဤဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၀၁ ဖြင့် တားမြစ်ထုတ်ပြန်ထားသော အာဖရိက ငါးခူသားပေါက်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ဘေးမဲ့ လွှတ်ခြင်းများ မပြုလုပ်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။
MDN


