နေပြည်တော် ၂ ဧပြီ

 

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု(က) ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနှင့် ဗထူးကွင်းတို့တွင် လက်ခံကျင်းပသွားမည်ဖြစ်သည်။

 

အုပ်စု(က)တွင် မြန်မာအမျိုးသမီးအသင်းနှင့်အတူ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် နီပေါအသင်းတို့ ပါဝင်ကြသည်။

 

ယှဉ်ပြိုင်ကြမည့် ပွဲစဉ်များအနက်မှ ဧပြီ(၃)ရက် ညနေ(၆)နာရီတွင် မြန်မာအသင်းနှင့် နီပေါအသင်း ပွဲစဉ်အားလည်းကောင်း၊ ဧပြီ(၆)ရက် ညနေ (၆)နာရီတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း ပွဲစဉ်အားလည်းကောင်း၊ ဧပြီ(၉)ရက် ညနေ (၃)နာရီတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်း ပွဲစဉ်များအားလည်းကောင်း၊  မြန်မာ့ရုပ်မြင်သံကြား (MRTV)၊  မြန်မာ့အသံ ရေဒီယိုအစီအစဉ်နှင့် MRTV Sports Channel တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)