mdn

သတင်းဆောင်းပါး - မောင်စာဂ

 

တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပါတော့မည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် ၂၀၁၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့်ရက်ကို နှစ်လနှင့် ၂၄ ရက်အလို တွင် ကြေညာခဲ့သည်။ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လေးလအလိုတွင် ကြေညာခဲ့သည်။ တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လေးလနှင့် ခုနစ်ရက်အလိုတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အနှစ်ချုပ်မျှဝေပါရစေ။

 

မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာလ ၅ရက်နေ့တွင်ကျင်းပမည့် တတိယအကြိမ်လွှတ်တော် သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကြီးကို လွှတ်တော်အသီးသီးအတွက် တစ်နေ့တည်းတစ်ပြိုင် တည်း ကျင်းပသွားမည်ဖြစ်သည်။ လွှတ်တော်တစ်ရပ်စီအတွက် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို ဤသို့သတ်မှတ်ကြေညာခဲ့သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၉.၆.၂ဝ၂ဝ ရက်စွဲပါ ကြေညာချက်များဖြစ်သည့် ညာချက်အမှတ် ၁၁၁ ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်စုစုပေါင်း ၃၃၀ နယ်ကို လည်းကောင်း၊ ကြေညာချက်အမှတ် ၁၁၂ ဖြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၁၆၈ နယ်ကို လည်းကောင်း၊ ကြေညာချက် အမှတ် ၁၁၃ ဖြင့် တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အတွက် မဲဆန္ဒနယ် စုစုပေါင်း ၆၄၄ နယ်ကိုလည်းကောင်း၊ ကြေညာချက် အမှတ် ၁၁၄ ဖြင့် တိုင်းရင်းသားလူမျိုး လွှတ်တော်အတွက် မဲဆန္ဒနယ်စုစုပေါင်း ၂၉ နယ်ကို လည်းကောင်း သတ်မှတ်ကြေညာခဲ့သည်။

 

ရွေးကောက်ပွဲကျင်းပမည့်ရက်ကြေညာခြင်း

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁.၇.၂ဝ၂ဝ ရက်စွဲပါ ကြေညာချက်အတ် ၁၅ဖြင့် လွှတ်တော်အသီးသီး အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့သည်။

 

ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန်ကြေညာခြင်း

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁.၇၂၀၂၀  ရက်စွဲပါ ကြေညာချက်အမှတ် ၁၁၆ ဖြင့် လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည်လွှာများကို စိစစ်မည့်နေ့ရက်များနှင့် အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နေ့ရက်များကို ဤသို့သတ်မှတ်ကြေညာခဲ့သည်။

 

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း စတင် တင်သွင်းနိုင်သည့်နေ့ရက်သည် ၂၀.၇.၂၀၂၀ ရက်နေ့ဖြစ် သည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းနိုင် သည့်နောက်ဆုံးနေ့ရက်မှာ ၇.၈.၂၀၂၀ ရက်နေ့ ဖြစ်သည်။ ' အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ၁၀.၈.၂၀၂၀ ရက်နေ့ဖြစ်သည်။ အမည်စာရင်းတင်သွင်းလွှာများ စိစစ် မည့်နေ့ရက်သည် ၁၁.၈.၂၀၂၀ ရက်နေ့မှ ၁၇.၈.၂၀၂၀ ရက်နေ့အထိ ဖြစ်သည်။

 

အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပါတော့မည်။ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ကြေညာ ခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် မိမိတို့ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများကို အပြီးသတ်ရွေးချယ်ကြရပါတော့မည်။ မည်သည့်လွှတ်တော်မဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ရ မည်ကို ဆုံးဖြတ်ရပါတော့မည်။ သတ်မှတ်သည့် နေ့ရက် များအတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်းတင် သွင်းနိုင်ရေး ဆောင်ရွက်ကြရပါတော့မည်။

 

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေများအရ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် သတ်မှတ်ထားသည့်အရည် အချင်းများနှင့်ကိုက်ညီဖို့ လိုအပ်ပါသည်။ အမည်စာရင်းတင်သွင်းသည့်အခါတွင်လည်း သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီဖြစ်ဖို့ကလည်း အရေးကြီးပါသည်။

 

ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်ကြရမည်

 

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးကို ခန့်ထားဖို့ကလည်း အရေးကြီးပါသည်။ ရွေးကောက်ပွဲကိုယ်စားလှယ် သည် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဆောင်ရွက်ရမည့် ကိစ္စကြီးငယ်ဟူသမျှကို ရွေးကောက်ပွဲ ကိုယ်စားလှယ်က ဆောင်ရွက်ခွင့်ရှိသည်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦးတွင်ရှိရမည့် အရည်အချင်း သတ်မှတ်ချက်ကလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းရှိရမည့်အရည်အချင်းသတ်မှတ်ချက်နှင့် အတူတူပင်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံနိုင် ရေးအတွက် ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦး၏ ပါဝင်ဆောင်ရွက်နိုင်မှုအခန်းကဏ္ဍကလည်း အရေးကြီး ပါသည်။

 

ကိုယ်စားလှယ်လောင်းအမည်စာရင်း စိစစ်ရာတွင်

 

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ခြင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်ထားခြင်းကိစ္စရပ်များက အရေးကြီးသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်အချိန်ကလည်း အရေးကြီးပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း များ အမည်စာရင်းတင်သွင်းလွှာ စိစစ်မည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင်သွားရောက် နိုင်သကဲ့သို့၎င်း၏ကိုယ်စား ရွေးကောက်ပွဲကိုယ်စားလှယ် ကလည်း သွားရောက်ခွင့်ရှိသည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ စိစစ်သည့်အချိန်တွင် ပါဝင်ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးက မိမိ၏ အမည်စာရင်းတင်သွင်းလွှာကို ကန့်ကွက်နိုင်သည်။ ထိုနည်းတူ မိမိကလည်း အခြားလွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများ အပေါ် ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်သည်။ မိမိကကန့်ကွက်ပါလျှင် အကြောင်းအချက် ခိုင်ခိုင်မာမာ ဥပဒေနှင့်အညီ ကန့်ကွက်ရန်ဖြစ်ပြီး မိမိအပေါ် ကန့်ကွက်လာလျှင် အကြောင်းအချက် ခိုင်ခိုင်မာမာ ဥပဒေနှင့်အညီ ထုချေဖြေရှင်းနိုင်ဖို့ လိုအပ်ပါမည်။

 

အမည်စာရင်းတင်သွင်းလွှာ အပယ်ခံရလျှင်

 

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် | အဖွဲ့ခွဲက စိစစ်သည့်အခါတွင် အောက်ပါအကြောင်း တစ်ရပ်ရပ်ကြောင့် အမည်စာရင်းတင်သွင်းလွှာကို ပယ်ချ ခြင်းခံရနိုင်သည်-

 

- ယှဉ်ပြိုင်ရွေးကောက်ခံသည့် လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးဦးက လုံလောက်သော အထောက်အထားများတင်ပြ၍ ကန့်ကွက်ခြင်း၊

- လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွင် ဖော်ပြထားသောအမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြားအမှတ်တို့သည် သက်ဆိုင်ရာ မဲစာရင်းတွင်ပါဝင်သောအမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြားအမှတ်တို့နှင့်ကိုက်ညီမှု မရှိခြင်း၊

- အမည်စာရင်းတင်သွင်းလွှာကို လိမ်လည်ပြုလုပ်တင်သွင်းခြင်း၊

- လွှတ်တော် ကိုယ်စားလှယ်လောင်းသည်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိသူဖြစ်ခြင်း သို့မဟုတ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံသူမဟုတ်ခြင်း၊

- အမည်စာရင်းတင်သွင်းရာတွင် လည်းကောင်း၊ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပေးသွင်းရာတွင် လည်းကောင်း၊ ရွေးကောက်ပွဲနည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း။

 အမည်စာရင်းတင်သွင်းလွှာ အပယ်ခံ ရလျှင် သက်ဆိုင်ရာ နိုင်ငံရေးပါတီအနေဖြင့် ထိုသို့ အပယ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအစား နောက်ထပ် တစ်ကြိမ် ထပ်မံ၍ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၏ အမည်စာရင်းတင်သွင်းပိုင်ခွင့်ရှိမည်မဟုတ် တော့၍ ဤကိစ္စရပ်အပေါ် အထူးအလေးထားဆောင် ရွက်ရန် လိုအပ်သည်ဟု ထင်မြင်မိကြောင်းပါဗျာ။

 လူကောင်းလူတော် လွှတ်တော်ကိုယ်စားလှယ်လောင်း များ စိစစ်ရွေးချယ်နိုင်ကြပါစေ။

အမည်စာရင်းတင်သွင်းမှုကို ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖြစ်ပါစေ။ ။

အမည်စာရင်းတင်သွင်းလွှာတိုင်း အတည်ပြုခြင်း ခံကြရပါစေ။