၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး မေ ၁၅

၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄) ခရိုင် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက  ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပသည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက သက်ငယ်အကြိုးစားဆုံး အသင်းဆု ရရှိသော တောင်ငူခရိုင်အသင်းကို လည်ကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက အသက်ငယ် အတိုးတက်ဆုံး ဆုရရှိ‌သော သာယာဝတီခရိုင်မှ မောင်မျိုးအောင်နှင့်          အကောင်းဆုံး အားကစားသမားဆု ရရှိ‌သော ပဲခူးခရိုင်အသင်းမှ မောင်စည်သူဖြိုးကိုလည်းကောင်း ဆုဖလားနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး  တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ဒုတိယဆုရရှိသော သာယာဝတီခရိုင်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်ဆွဲပြားနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ရိုးရာခြင်းလုံးအဖွဲ့လိုက် အလှခတ်သရုပ်ပြသသော ညွှန်ပေါင်းအသင်း၊ တစ်ဦးချင်းအလှခတ် သရုပ်ပြသအဖွဲ့နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်ဒိုင်တို့ကို ဂုဏ်ပြုဆုငွေများနှင့်  ပထမဆုရရှိသော ပဲခူးခရိုင် အသင်းကို  တစ်ဦးချင်း ဆုတံဆိပ်ဆွဲပြား၊ ပထမဆုဖလားနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

အဆိုပါ ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄) ခရိုင် ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး/ တောင်ငူ/ ပြည်/ သာယာဝတီခရိုင်တို့မှ ပြိုင်ပွဲအသင်း (၄) သင်းက လက်ရွေးစင် ဘယ်/ညာစုံ၊ ခြင်းလတ်မျိုးကွဲ၊ ခြင်းလတ်မျိုးတူ၊ ခြင်းကြီးဘယ်/ညာစုံ၊ ခြင်းကြီးမျိုးကွဲ၊ ခြင်းကြီးမျိုးတူ၊ ဝိုင်းလည်အတွဲ၊ လက်ရွေးစင်မျိုးကွဲ၊ လက်ရွေးစင်မျိုးတူစသည့် ခြင်းနည်း (၉) မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

သတင်းစဉ်