နေပြည်တော် ဩဂုတ် ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ နေပြည်တော်အဆင့် စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။
ကြည့်ရှုအားပေး
ထို့နောက် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ်ဗီဒီယို၊ လူမှုဝန်ထမ်းမှ မူကြိုကလေးငယ်များ၏ ကပြဖျော်ဖြေတင်ဆက်မှု၊ ၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်ဗီဒီယိုတို့ကို ကြည့်ရှုအားပေးပြီး အသက်ငါးနှစ်အောက် ကလေးများကို အင်အားပြည့် ဗီတာမင်အေတိုက်ကျွေးကာ ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖြစ်အစားအစာများ ပေးအပ် ကြသည်။
အခမ်းအနားအပြီးတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် အစာအုပ်စုအလိုက် ခွဲခြားပြသထားမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ကျင်းပသည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သားသမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


