ရန်ကုန်   အောက်တိုဘာ    ၁၂

ရန်ကုန်တိုင်းဒေသကြီး  မှော်ဘီ မြို့နယ်၌  ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က  ရန်ကုန်-ပြည်လမ်းမကြီး အမှတ်(၄)လမ်းဆုံနှင့်  မှော်ဘီမြို့မဈေးရှေ့တို့၌ ကျင်းပခဲ့သည်။

အဆိုပါ  အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို  မှော်ဘီမြို့နယ်  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ     ဦးပြည့်ဖြိုးမောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကျော်ထွန်းတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကာ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့”ဟူသော ဆောင်ပုဒ်ပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ    လူထုအသိပညာပေးဆိုင်းဘုတ်ကို သတ်မှတ်နေရာ၌    စိုက်ထူကြသည်။ 

ထို့နောက် ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး  တက်ရောက်လာကြသူများက  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)