ရှန်ကျန်း ဇန်နဝါရီ ၃
တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကားကုမ္ပဏီဖြစ်သည့် ဘီဝိုင်ဒီ ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၂ ဒသမ ၂၆ သန်းရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအနှံ့ လျှပ်စစ်ကားရောင်းချရမှုတွင် တက်စလာ ကုမ္ပဏီကို ကျော်တက်သွားခဲ့သည်။
အမေရိကန် လျှပ်စစ်ကားကုမ္ပဏီဖြစ်သည့် တက်စလာသည် ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ကား အစီးရေ ၁ ဒသမ ၆၃ သန်းကို တင်ပို့နိုင်ခဲ့သည်ဟု ကုမ္ပဏီအချက်အလက်များအရ သိရသည်။ လွန်ခဲ့သည့် နှစ်အတွင်း အကြမ်းဖျင်းအားဖြင့် ဘီဝိုင်ဒီ ကုမ္ပဏီ၏ စွမ်းအင်သုံးကားသစ် (အင်န်အီးဗွီ) ၄ ဒသမ ၆ သန်း ရောင်းချခဲ့ရသည်။
တရုတ်နိုင်ငံ၌ ဈေးကွက်ချဲ့ထွင်နေစဉ် ကုမ္ပဏီသည် နိုင်ငံရပ်ခြား ရောင်းချရမှုကိုလည်း မြှင့်တင်လျက် ရှိကြောင်း ဘီဝိုင်ဒီ ကုမ္ပဏီကပြောသည်။ ဘီဝိုင်ဒီ ကုမ္ပဏီ၏ ဥရောပဈေးကွက်မှာ ခိုင်မာပြီး လက်တင် အမေရိကနှင့် အရှေ့တောင်အာရှတို့တွင်လည်း ဈေးကွက်ရှာဖွေလျက်ရှိသည်။
ထို့ပြင် ပြည်တွင်း၌ ကားထုတ်လုပ်မှုကိုလည်း အရှိန်အဟုန် မြှင့်တင်လျက်ရှိသည်။ ဘီဝိုင်ဒီ ကုမ္ပဏီ၏ စက်ရုံသည် ဘရာဇီးနိုင်ငံတွင် ယမန်နှစ်က စတင်လည်ပတ်ခဲ့သည်။
ဆင်ဟွာ


