မြင်းမူ ၂၆ မတ်
၂၄-ကြိမ်မြောက် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးရုံတက်ရောက် ကုသမှုခံယူလျှက်ရှိသော လူနာများ အသုံးပြုရန်အတွက် Wheel Chair (လူနာတင်ဘီးတပ်ကုလားထိုင်) (၂)စီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ မတ်လ(၂၅)ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
`ပေးအပ်လှူဒါန်းခဲ့သော Wheel Chair (လူနာတင်ဘီးတပ် ကုလားထိုင်) (၂)စီးမှာ အိန္ဒိယ-မဏိပူရ ကုန်သည်ကြီးများ အသင်းမှ စစ်ကိုင်းခရိုင်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်း (SCDDI)သို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြင်းမူမြို့နယ်အတွက် Wheel Chair (၂)စီး ရရှိပြန်လည်လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း `မြို့နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးလှိုင်ကျော်ဦးထံမှ သိရှိရသည်။
Wheel Chair (၂)စီး ပေးအပ်ရာ မြင်းမူမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ကေသီခိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


