နေပြည်တော် အောက်တိုဘာ ၃
၂၀၂၅ ခုနှစ် (၃၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အားကစားရုံ (နဝဒေး) ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသားပွဲများအဖြစ် ဗန်တိုအတိုက် (က) တန်းပြိုင်ပွဲ၊ ဗန်တို (ခ) တန်းပြိုင်ပွဲ၊ ပန်ကြပ်ဆီလက်အတိုက် (က) တန်းပြိုင်ပွဲ၊ ဓားတစ်လက်အတိုက် ပြိုင်ပွဲနှင့် အမျိုးသမီးပွဲများအဖြစ် ပန်ကြပ်အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ တံခွန်စိုက်ဒိုင်းနှင့် ဆင့်ပွားဒိုင်းဆုရရှိသော အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်း၊ ဆင့်ပွားဒိုင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယှဉ်ပြိုင်ကစား
အဆိုပါ ၂၀၂၅ ခုနှစ် (၃၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၅ သင်းဖြင့် စက်တင်ဘာ ၂၂ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


