ရန်ကုန် ၈ ဧပြီ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(ဆက်သွယ်ရေး) ဝန်ထမ်းမိသားစု၏ (၃၃)ကြိမ်မြောက် နှစ်ဦးအကြို ဒုလ္လဘရဟန်းခံနှင့် သီလရှင်ဝတ်(၅၇)ပါး၏ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်မြိ်ု့  မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းစုံမီးပွိုင့်အနီးရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တွင် ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် ချမ်းမြေ့ဆရာတော် အရှင်ဘဒ္ဒန ္တဇာနကာဘိဝံသမှ ဒုလ္လဘရဟန်းခံနှင့် သီလရှင်(၅၇)ပါးကို သာသနာဘောင်သို့ချီးမြောက်တော်မူပြီး သိမ်းထွက်ရဟန်းတော်များနှင့် သီလရှင်များ၊ ယောဂီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ဆက်သွယ်ရေး)ဝန်ထမ်းများ၊ MPT ဝန်ထမ်းများနှင့် မိသားစုဝင်တို့က လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဆက်သွယ်ရေး)မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းနှင့် MPT မှအရာထမ်း၊ အမူထမ်းများက ဆရာတော်ထံမှ သီလခံယူဆောက်၍ ရိပ်သာနှင့် ကျောင်းတိုက်အတွက် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှဝေသည်။

 

နံနက်(၁၀)နာရီခွဲတွင် သံဃာတော်များကို နေ့ဆွမ်းများဆက်ကပ်၍ ဧည်သည်တော်များကိုလည်း အာဟာရများဖြင့် ကျွေးမွေးဧည့်ခံကာ (၁၃၈၀)ခုနှစ်၊ နှစ်သစ်ကူးအကြို ဒုလ္လဘရဟန်းခံနှင့် သီလရှင်ဝတ်(၅၇)ပါး၏ အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

 

သန်းစိုး

 

ဓာတ်ပုံ - သန်းစိုး  

 

.02