ကော့သောင်း စက်တင်ဘာ ၃၀
(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်ဦးဆောင်သော ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကော့သောင်း မြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့စု၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ လေကြောင်း ရဲတပ်ဖွဲ့စု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့စိတ်၊ ခရိုင်/မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌများနှင့် တပ်ဖွဲ့ဝင် မိသားစုများက ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည်။
ဦးစွာ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဉူးပါမောက္ခထံမှ သရဏဂုံနှင့် ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြကာ ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခဲ့ကြသည်။
ယင်းနောက် ရွှေပြည်သာ ကျောင်းတိုက်ဆရာတော်မှ အနုမောဒနာ တရားချီးမြှင့်၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


