နေပြည်တော် ၂၅  မတ် 
    

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန၏ ၆၆ ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း(၁၄ ဒသမ ၉၂)မိုင်နှင့် ၆၆/၁၁ ကေဗွီ (၅)အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

mdn

    

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိမှုအပေါ် မူတည်နေသည့်အတွက် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့်နည်းတူ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဓာတ် အားစနစ်မှ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ 

 

ယခင်က ပုသိမ်၊ အသုတ်၊ ရေကြည်၊ မြောင်းမြနှင့် လပွတ္တာမြို့နယ်များသို့ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ၂၃၀ ကေဗွီ အသုတ်ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ဗို့အားစနစ်ဖြင့် ဓာတ် အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့် ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ အသုတ် - ပုသိမ် ဓာတ်အားလိုင်း (၃၁)မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀ဝ) အမ်ဗွီအေ ပုသိမ်ဓာတ်အားခွဲရုံကို ၂၀၁၅ ခုနှစ်တွင် တည် ဆောက်ပြီးစီးခဲ့၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားပြီးဖြစ်ကြောင်း။

 

ထို့အပြင် ၂၃၀ ကေဗွီ ပုသိမ်ဓာတ်အားခွဲရုံတွင် ရောက်ရှိနေသည့် ဓာတ်အားများကို ငွေဆောင်မြို့သို့ ဆက်လက်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း(၁၄ ဒသမ ၉၂)မိုင်နှင့် ငွေဆောင်မြို့တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တည်ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ငွေဆောင်ဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ 

 

mdn

 

ငွေဆောင်မြို့နယ်အတွင်း အိမ်ထောင်စုပေါင်း ၈၃၁၃ ရှိ သည့်အနက် အိမ်ထောင်စု ၅၃၂ စု ဓာတ်အားရရှိသုံးစွဲနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ ဓာတ်အား ဖြန့်ဖြူးရေးလိုင်းနှင့် ခွဲရုံများ ဆောင်ရွက်ပြီးစီးသည့်အချိန်တွင် ငွေဆောင်မြို့နှင့် အနီးပတ် ဝန်းကျင်ကျေးရွာ ၁၅ ရွာရှိ အိမ်ထောင်စုပေါင်း ၄၈၁၇ စုသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားရယူ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ၆၆ ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်းနှင့် ၆၆/၁၁ကေဗွီ၊ (၅) အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံ တည်ဆောက်ရေးအတွက် နိုင်ငံတော်မှ ငွေကျပ် သန်းပေါင်း ၅၄၉၉ ကျော် အကုန်အကျခံ တည်ဆောက်ပေးခဲ့ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် ၈၉ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၁၁၆ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပြီး လက်ရှိတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့ ပေါင်း ၄၅ မြို့အနက် ၄၁ မြို့သည် ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိသုံးစွဲနေပြီး ကျေးရွာပေါင်း ၁၁၈၆၄ ရွာအနက် ကျေးရွာ ၁၀ဝ၀ ကို ဓာတ်အားစနစ် မှလည်းကောင်း၊ ကျေးရွာ ၅၅၄၆ ကို မီးစက်ကဲ့သို့သော သီးခြားဓာတ်အား ထုတ်လုပ်မှုများ နှင့်လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ် အားရယူသုံးစွဲနိုင်ခြင်း မရှိသေးသည့် ဒေသများ ဓာတ်အားရရှိသုံးစွဲနိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း ၁၄၈၈၉၈၃ စုအနက် ၂၆၇၃၃၃ စု တိုင်းဒေသကြီး တစ်ခုလုံး၏ ၁၈ ရာခိုင်နှုန်းသည် ဓာတ်အားရရှိ သုံးစွဲနိုင်နေပြီးပိုမို၍ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ ပထဝီအနေအထားအရ ဓာတ်အားစနစ် ဆောင်ရွက်ရန် ခက်ခဲသော ဒေသများ(Off-Grid)သို့ အခြားနည်းများဖြင့်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစီအစဉ် (Decentralize) ဖြင့်လည်းကောင်း အသီးသီးစီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး မီးလင်းဂျိုင်တွင် ၁၃၉၀ မဂ္ဂါဝပ်ရှိသည့် LNG သုံး ဓာတ်အားပေးစက်ရုံအား တည်ဆောက်၍ ဓာတ်အား တိုးတက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

mdn

    

ထို့နောက် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အခြေ အနေများကို  ရှင်းလင်းပြောကြားပြီး ငွေဆောင်မြို့နေ ဒေသခံပြည်သူ ဦးကြင်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

    

ယင်းနောက် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံ ကမ္ဗည်း ကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

 

mdn

    

ထို့နောက် ၆၆ ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း (၁၄ ဒသမ ၉၂)မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံကို ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဌေး၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးငွေလှိုင်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးနှင့် ဒေါ်ဇင်မိုးဝါတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး ဓာတ်အားခွဲရုံ Control Room နှင့် Switchyard အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

(သတင်းစဉ်)