ဂန့်ဂေါ ၂၆ မတ်
(၇၄) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂန့်ဂေါမြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ ၉ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးက အမှာစကား ပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန BOOK CLUB ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက ပြိုင်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဆုရရှိကြသူများကို (၇၄) နှစ်မြောက် တပ်မတော်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်စန္ဒာစိုး၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်၊ စေတနာပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစိန်ဝင်း တို့နှင့် ဖိတ်ကြားထားသူများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
စိန်ကျော်


