ကလော   ၂၇  မတ်      


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ ကလောမြို့နယ်တွင်(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းစစ်တုရင်ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း က အမှာစကား ပြောကြားပြီး စစ်တုရင်ပြိုင်ပွဲတွင် ဒိုင်ချုပ်အဖြစ် ကူညီပံ့ပိုးပေးသူ ဦးလှသိန်းသန့်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ 


ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးအောင်ဝင်း၊ ဒုတိယဆုရရှိသော ဦးစိုးပိုင်၊ တတိယ ဆုရရှိသော ဆရာမျိုးနှင့် နှစ်သိမ့်ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။ 


ကျော်ဝင်း (ပြန်/ဆက်)