ကရသူရိ ၂၁ မတ် 

 

(၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) ၌ ကျင်းပသည်။

 

ရှေ့ဦးစွာ ကရသူရိမြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးသန်းက တပ်မတော်နေ့ သမိုင်းဖြစ်စဉ်များ၊ တပ်မတော်၏ အရေးပါအခန်းကဏ္ဍများကို ကလေးများ ဗဟုသုတရရှိရန်ရှင်းပြသည်။ ထို့နောက် စာအုပ်များ ခင်းကျင်းပြသထားခြင်း၊ နံရပ်ကပ်ပိုစတာ၊ ဓာတ်ပုံများပြသထားမှုကို လိုက်လံပြသပေးပြီး ကျောင်းသားကလေးငယ်များနှင့် စာဖတ်ဝါသနာရှင်များက မိမိကြိုက်နှစ်သက်ရာ စာအုပ်များ ငှါးရမ်းခဲ့ကြကြောင်း၊ ထို့အပြင် ရုံးတွင်း(Museum)ပြတိုက်ငယ်ရှိ ဒေသနှင့်သက်ဆိုင်သည့် ခင်းကျင်းပြသထားမှုအပေါ် စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း အဆိုပါကျောင်းသားကလေးများနှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN   

 

image-0-02-