(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တွံတေးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ကျေးလက်မေတ္တာစာကြည့်တိုက်ဖွင့်

 

တွံတေး မတ် ၂၆

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စာဖတ်ခြင်းဖြင့် အသိပညာ၊ အတက်ပညာ၊ ဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျေးလက် မေတ္တာစာကြည်တိုက်သစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၅ ရက် နံနက်ပိုင်းက ခတ္ထိယကျေးရွာအုပ်စု၊ ရွာသစ်ခေတ်မီ စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ တွံတေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦစီးမှူး ဦး‌နေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ရွာသစ်ခေတ်မီစံပြကျေးရွာတွင် ကျေးလက်မေတ္တာစာကြည်တိုက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျေးရွာရှိ ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို တွံတေးခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ခတ္ထိယတိုက်နယ် ဆေးရုံအုပ်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်မေတ္တာ စာကြည့်တိုက်မုခ်ဦး ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ကျေးလက်မေတ္တာ စာကြည့်သည် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၀ ပေ ရှိပြီး ခေတ်မီစံပြကျေးရွာထူထောင်ရေး ရန်ပုံငွေကျပ် ၁၉၅ သိန်းကို အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးထံမှ သိရသည်။

 

မောင်ခိုင်