အာဆီယံ စားဖိုမှူးများပြိုင်ပွဲ မြန်မာနိုင်ငံငံမှ ငွေတံဆိပ်ဆုရရှိ

ရန်ကုန် ၂၁ ဇူလိုင်

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်(၁၈) ရက်နေ့မှ(၂၀)ရက်နေ့ထိ အာဆီယံနိုင်ငံ စားဖိုမှူးများ ပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ငွေတံဆိပ်ဆုရရှိ၍ ဇူလိုင် (၂၁) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြိုင်ပွဲဝင် စားဖိုမှူးများရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရ သည်။

 

 “ ဦးစွာပြောလိုတာက အင်ဒိုနီးရှားမှာရှိတဲ့မြန်မာသံအမတ်ကြီး(ဦးမင်းလွင်)ကိုယ်တိုင်လာရော က်အားပေးကူညီတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ပြီးတော့ပြိုင်ဘက်အသင်းတွေကကမ္ဘာ့ ပြိုင်ပွဲတွေမှာအတွေ့အကြုံရှိတဲ့အသင်းတွေပါ။ ဒုတိယနေ့မှပြိုင်ရပြီးတော့ဖိုင်နယ်ကိုတက်တယ်ဆို တာ ညနေ(၃)နာရီမှ ထုတ်ပြန်တော့ နောက်နေ့နံက်ပိုုင်းပြိုင်ပွဲအတွက် ပြင်ဆင်ရတာ(၂)နာရီပဲ အချိ န်ရခဲ့တယ်။ ဖိုင်နယ်လေးသင်းမှာ ဘရူနိုင်းက ပထမရွှေရပြီးတော ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံပီနန်က ငွေတံဆိပ်ဆုရခဲ့ပါတယ်။ မလေးရှားက(၂)သင်းဝင်ပြိုင်တာပါ။ ဥရောပ အတွေ့အကြုံ  ရှိတဲ့နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီးငွေတံဆိပ်ဆုရခဲ့တာကို ဂုဏ်လည်းယူတယ်” ဟုမြန်မာ နိုင်ငံစားဖိုမှူးများ  အသင်းဥက္ကဋ္ဌ ဦးအော်လီဗာစိုးသက်က ပြောသည်။
 

မြန်မာနိုင်ငံစားဖိုမှူးများအသင်းကို(၁၉၉၆)ခုနှစ်တွင် လူဦးရေ(၆၀)ဖြင့်စတင်ဖွဲ့စည်းခဲ့ပြီးယခုအ ခါအဖွဲ့ဝင်(၄၀ဝ)ခန့်ဖြင့်အင်အားတိုးလာကာ ဥရောပနှင့်အာရှတွင်ပြိုင်ပွဲ အတွေ့အကြုံများ ရရှိစေရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်စေရန်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။ ယခုပြိုင်ပွဲသည်ပြိုင်ပွဲအတွေ့အကြုံများစွာရှိသော အာဆီယံနိုင်ငံ စားဖိုမှူးများကိုကျော် ဖြတ်၍ငွေတံဆိပ်ဆုရရှိခဲ့ခြင်းသည် မြန်မာနိုင်ငံ စားဖိုမှူးများအသင်း အတွက် သာမကနိုင်ငံအတွက်ဂုဏ်တင့်စေခဲ့ပြီဖြစ်သည်။

 

“အာဆီယံနိုင်ငံများစားဖိုမှူးပြိုင်ပွဲကို ပထမဆုံးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ကျွန်တော်အ ပါအဝင်(၃)ဦးပြိုင်ရပါတယ်။ နိ်ုင်ငံတကာအတွေ့အကြုံရှိတဲ့အသင်းတွေနဲ့ အခက်အခဲကြားထဲကပြို င်ခဲ့ရပြီးတော့ မထင်မှတ်ထားတဲ့ငွေတံဆိပ်ဆုရခဲ့တဲ့အတွက် နိုင်ငံအတွက် လည်းဝမ်းသာဂုဏ် ယူရပါတယ်။ ဂျကာတာကမြန်မာသံအမတ်ကြီးကိုယ်တိုင်လာရောက်အားပေးတဲ့ ခွန်အား ကလည်း ဆုတစ်ခုခုနြဲ့ပန်မယ်ဆိုတဲ့ စိတ်ကိုတွန်းအားပေးခဲ့တာလည်း ပါပါတယ်။ မြန်မာစားဖိုမှူး များအသင်းအနေနဲ့ဆက်ပြီး ကြိုးစားသွားမှာပါ”ဟု အသင်းခေါင်းဆောင် ကိုရွှေမိုးသာက ပြောသည်။

 

 ဇူလိုင် (၂၁)ရက်နံက်(၁၁)နာရီတွင် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေ ဆိပ်သို့မြန်မာစား ဖိုမှူး များအသင်းမှာ ဆုတံဆိပ်နှင့်အတူ ပြန်လည်ရောက်ရှိပြီး ပြိုင်ပွဲတွင်(၃)ဦးစီယှဉ်ပြိုင်ခဲ့ကာ ဖိုင်နယ် ပြိုင်ပွဲ  တွင်မြန်မာ၊ဘရူနိုင်း၊ ထိုင်းနှင့်မလေးရှား(၄)နိုင်ငံယှဉ်ပြိုင်ခဲ့ရာတွင် ဘရူနိုင်းနိုင်ငံမှ ပထမ ဆုရွှေတံဆိပ်ဆုနှင့်မြန်မာနှင့် မလေးရှားနိုင်ငံတို့က ငွေတံဆိပ်ဆုများအသီးသီးရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။    

 

 ယခုပြိုင်ပွဲသည် အာဆီယံနိုင်ငံများသီးခြားပြိုင်ဆိုင်သော ပထမဆုံးပြိုင်ပွဲဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံ ဂျကာတာတွင် ကျင်းပသော ASIAN Culinary Challenge 2018ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်


ဓာတ်ပုံ-သန်းစိုး