ဖနောင်ပင်  ဇန်နဝါရီ  ၉

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် ဥရောပသမဂ္ဂ(အီးယူ)တို့သို့ ပို့ကုန်တင်ပို့ခြင်းဖြင့် ဝင်ငွေ အမေရိကန် ဒေါ်လာ  ၁၀ ဒသမ ၆၇ ဘီလီယံရရှိခဲ့သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ  ၉ ရက်တွင် အစီရင်ခံစာထုတ်ပြန် သည်။

လွန်ခဲ့သည့်နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ  ၅  ဒသမ  ၆၇  ဘီလီယံ တန်ကြေးရှိ ကုန်ပစ္စည်းများတင်ပို့နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင် ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင်  ၂၀၂၅   ခုနှစ်အတွင်း အီးယူသို့ အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိသည့်   ကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့ကာ ၂၀၂၄ ခုနှစ်ကနှင့်နှိုင်းယှဉ်လျှင် ၁၃ ဒသမ ၅  ရာခိုင်နှုန်း   တိုးတက်လာသည်ဟု  အစီရင်ခံစာအရ  သိရသည်။

၂၀၂၅ ခုနှစ်အတွင်း အာဆီယံ ဈေးကွက်သည်  ၁၈  ဒသမ   ၁ ရာခိုင်နှုန်းရှိပြီး  အီးယူဈေးကွက်သည်  ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၆ ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံနိုင်ငံများနှင့် အီးယူသို့ အဓိကတင်ပို့သည့်ပို့ကုန်များမှာ အဝတ်အထည်၊ ချည်မျှင်၊ ရှူးဖိနပ်၊ အိတ်များ၊ စက်ဘီးများ၊ ကားတာယာများ၊ စိုက်ပျိုးရေးထုတ်ကုန်နှင့် လျှပ်စစ်ပစ္စည်းအချို့တို့ ပါဝင်သည်။                            

ဆင်ဟွာ