၂၀ မတ်

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် ဧပြီလအစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲကို ဇွန်လနှောင်းပိုင်းအထိ ရွှေ့ပြောင်းလိုက်ကြောင်း ယခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ဉက္ကဌ ဗီယက်နမ်နိုင်ငံက ပြောကြားခဲ့သည်။ 

 

အဆိုပါ ဆွေးနွေးပွဲ ရွေ့ဆိုင်းမှုကို အသိပေးရန် အာဆီယံခေါင်းဆောင်များထံ ကြာသပတေးနေ့က ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် တန်ဖူက အကြောင်းကြားစာ ပေးပို့ခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်သည် အရှေ့တောင်အာရှနိုင်ငံများတွင် ပျံ့နှံ့ခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင် လူပေါင်း ၅၅၀ကျော်  ကူးစက်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ 

 

ဗိုင်းရပ်စ်ပျံ့နှံ့မှုမှ ကာကွယ်ရန်အတွက် ဒေသတွင်း ခရီးသွားလာခြင်းများကို ကန့်သတ်ဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်