(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်)
အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၆/၂၀၂၀)(မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေကို ကာကီနာဒါမြို့(Kakinada)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။
(၂) ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။
Crd.မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


