အာဖဂန် ပညာရေးဝန်ကြီးဌာနက လည်ပတ်ခြင်းမရှိသည့် ကျောင်းပေါင်း ၇၀၀ ကို ဖျက်သိမ်း

ကဘူးလ် ဖေဖော်ဝါရီ ၂၇

အာဖဂန်နစ္စတန် ပညာရေးဝန်ကြီး ဌာနသည် တိုင်းပြည်အတွင်း တစ္ဆေကျောင်းဟု တင်စားရမည့် အမှန်တကယ်မရှိဘဲ စာရင်းတွင်သာရှိသည့် ကျောင်းပေါင်း ၇၀၀ကို ဖျက်သိမ်းလိုက်ကြောင်း ပညာ ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မန်ဆော် အာမက်ဟမ်ဇာက ပြောသည်။ 

လွန်ခဲ့သည့် နှစ်နှစ် တာလီဘန်တို့ အာဏာရလာသည့်အချိန်မှစတင်ကာ တိုင်းပြည်အတွင်း လည်ပတ်နိုင်ခြင်းမရှိသည့် ကျောင်းပေါင်း ၇၀၀ ကို တရားဝင်စာရင်းမှ ပယ်ဖျက်ခဲ့သည်ဟု ပြည်တွင်းရုပ်သံ တိုလို နယူးတွင် ဖေဖော်ဝါရီ ၂၆ ရက်က ဖော်ပြထားသည်။

ယခင် အမေရိကန်က ကျောထောက်နောက်ခံ ပြုထားသည့် အာဖဂန်အစိုးရလက်ထက်က နိုင်ငံခြား အလှူရှင်များ လက်ထဲမှ တရားမဝင်အလှူငွေများရရှိရေးအတွက် အပြင်တွင် အမှန်တကယ်မရှိဘဲ စာရင်းတွင် သာရှိသော ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ ရဲတပ်ဖွဲ့ဝင်များ ရှိခဲ့ဖူးကြောင်း မီဒီယာတွင် ဖော်ပြထားသည်။

ပညာရေး ဝန်ကြီးဌာန၏ အချက်အလက်ပေါ် မူတည်၍ အာဖဂန်နစ္စတန်တွင် အမှနတကယ် လည်ပတ်နေသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ဆရာ ဦးရေမှာ ၂၆၀၀၀၀ ရှိသည်ဟု သိရသည်။

ဆင်ဟွာ