၄ ဒီဇင်ဘာ

 

အကြမ်းဖက်သမားများက အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ် ဂျလာလာဘတ် မြို့တွင် အစိုးရမဟုတ်သောအဖွဲ့အစည်း၏ ယာဉ်တစ်စီးကို ယနေ့မနက်ပိုင်းက ပစ်ခတ်ခဲ့သဖြင့် အကူအညီပေးရေးအေဂျင်စီ၏ ဝန်ထမ်း ငါးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

ထိုယာဉ်ပေါ်ပါသူ အားလုံး ထိခိုက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ အတ်တာဟူလာ ခေါင်ရာနီ က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း နှင့် အသေးစိတ်အချက်အလက်များကို မီဒီယာတွင် ဖော်ပြသွားမည်ဟု ခေါင်ရာနီ က ဆိုသည်။

 

မြို့တော် ကဘူးလ် အရှေ့ဘက် ၁၂၀ ကီလိုမီတာ အကွာ၊ နာဂါဟာ ပြည်နယ်ရှိ စိုက်ပျိုးရေးနှင့်ဆည်မြောင်း စီမံကိန်းများကို ဆောင်ရွက်နေသော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ပိုင်ဆိုင်သော ယာဉ်တစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ် တစ်ခုက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို