အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွား စစ်သွေးကြွ ၁၁ ဦးသေဆုံး

၁၄ ဇန်နဝါရီ 

အာဖဂန် နစ္စတန်မြောက်ပိုင်း ဖာရတ် ပြည်နယ်တွင် ယမန်နေ့က အစိုးရတပ်ဖွဲ့များ လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၁၁ ဦးသေဆုံးခဲ့ကြောင်းနှင့် ခေါဂျာခရိုင် ဘတ်ဂီစီ ကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်း   မြောက်ပိုင်းဒေသတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟာနစ်ရီဇိုင်း က ယနေ့သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ အစောပိုင်းရက် က လေကြောင်းဖြင့် စစ်သွေးကြွများကို စီးနင်းတိုက်ခိုက်ခဲ့ရာ ခေါဂျာ ဆပ်ပို ဒေသရှိ တာလီဘန် တပ်မှူး ကာရီ တာဂျူဒင် အပါအဝင် စစ်သွေးကြွ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့များ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ တာလီဘန် စစ်သွေးကြွများဘက်က မည်သည့်ပြောကြားချက်မျှ မရှိခဲ့ဟု ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို