တာလီဘန်စစ်သွေးကြွများသည် ယမန်နေ့က ဘောလ်ပြည်နယ်မြောက်ပိုင်း ချခ်ချ့်ခရိုင်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်အား ဝင်ရောက်စီးနင်းရာ အရပ်သားတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဆာလီမာ မာဇာရီက ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
လက်နက်ကိုင် စစ်သွေးကြွအုပ်စုတစ်စုသည် နံနက် ၃ နာရီ ၃၀ မိနစ်အချိန်တွင် ပါရာဘရတ်ကျေးရွာရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမနေ့ ဒေသန္တရစံတော်ချိန်တွင် အမျိုးသမီးတစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
သောင်းကျန်းသူများ၏ သတ်ဖြတ်မှုကြောင့် နောက်ထပ် ရွာသား အများအပြားမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တာလီဘန်တို့၏ လက်ချက်ဖြစ်ကြောင်း မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပေ။
အမေရိကန်ပြည်ထောင်စုမှ အာဖဂန်နစ္စတန်နှင့် စစ်ပွဲကို အဆုံးသတ်ရန် နိုင်ငံခြားတပ်ဖွဲ့များ ရုပ်သိမ်းရေးကို လွယ်ကူချောမွေ့စေရန်အတွက် ပြီးခဲ့သည့် စနေနေ့က စတင်ခဲ့သော တာလီဘန်နှင့် ၇ ရက်ကြာ အကြမ်းဖက်မှုလျှော့ချခြင်း (သို့) အပစ်အခတ်ရပ်စဲရေးကို လေ့လာခြင်းနှင့် လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် စောင့်ကြည့်နေစဉ် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


