အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ်၌ ရုတ်တရက်ရေကြီးမှုကြောင့် အနည်းဆုံး ၁၈ ဦးသေဆုံးပြီး ၄၀ ဒဏ်ရာရ
ကဘူးလ် ဩဂုတ် ၃၀
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကူနာပြည်နယ်၌ ဩဂုတ် ၂၈ ရက်တွင် ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၁၈ ဦးသေဆုံးပြီး ၄၀ ဒဏ်ရာများရရှိခဲ့ကြကြောင်း နိုင်ငံပိုင် ဘက်တာသတင်းအေဂျင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ကူနာပြည်နယ် ဆာကာနိုခရိုင်အတွင်းရှိ ကျေးရွာအများအပြား ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ၁၈ ဦး သေဆုံးကြောင်း နိုင်ငံပိုင်ဘက်တာသတင်း အေဂျင်စီက သတင်းထုတ်ပြန်သည်။
လူနေအိမ် ၅၇၉ လုံးပျက်စီးမှုဖြစ်ပေါ်
အဆိုပါသတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ အဆိုပါခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ကြောင့် လူနေအိမ် ၅၇၉ လုံး ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ် ၂၇ ရက်ကလည်း ကန်ဒါဟာပြည်နယ် တောင်ပိုင်း စပင်ဘိုလ်ဒက်ခ်ခရိုင်၌ ရုတ်တရက် ရေကြီးမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကလေး ငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒ ဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝန်းလုံးတွင် လွန်ခဲ့သည့် တစ်လကျော်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးကာ ၂၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်


