ဇန်နဝါရီ ၁၀

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းဘာဒက်ရှန်ပြည်နယ် ခါရှ်ခရိုင်ရှိ အဖိုးတန်ကျောက်တွင်းတစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် သတ္တုတွင်းလုပ်သား လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အီဆန်နူလာ ကမ်ဂါက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် မြေအောက်လုပ်ငန်းခွင်များအတွင်း အဆိပ်သင့်ဓာတ်ငွေ့များစုပုံလာခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်ဂါက ပြောကြားခဲ့သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ၎င်းတို့၏ မိသားစုများထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလက ဘာဒက်ရှန်ပြည်နယ်ရှိ အခြားသတ္တုတွင်းတစ်ခုတွင် ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျမှုကြောင့် ရွှေတွင်းလုပ်သားနှစ်ဦး အသက်ဆုံးရှုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို