အာဖဂန်နစ္စတန်နိုင်ငံ၌ ငလျင်လှုပ်ခတ်မှုများကြောင့် သေဆုံးသူ ၂၄၄၅ ဦး ရှိလာ

 

အောက်တိုဘာ ၉

 

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်နှင့် အိမ်နီးချင်းပြည်နယ်များတွင် ငလျင်လှုပ်ခတ်မှုများကြောင့် သေဆုံးသူ ၂၄၄၅ ဦးအထိ မြင့်တက်လာကြောင်း ဟီရတ်အာဏာပိုင်များက ယမန်နေ့ညပိုင်းက ပြောကြားသည်။

 

ဟီရတ်ပြည်နယ် ဇန်ဒါဂျန်ခရိုင်သည် ငလျင်ဒဏ်အများဆုံး ခံရသောဒေသဖြစ်ကာ ငလျင်လှုပ်ခတ်မှုများကြောင့် ကျေးရွာ ၁၃ ရွာ လုံးဝပျက်စီးသွားခဲ့သည်ဟု ဟီရတ်ပြည်နယ် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး မော်လဝီမူဆာအရှာရီက ဆိုသည်။

 

အဆိုပါငလျင်လှုပ်ခတ်မှုများအတွင်း လူပေါင်း ၉၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ထိုနေ့အစောပိုင်းက ပြောကြားသည်။

 

တရုတ်ငလျင် ကွန်ရက်စင်တာ၏ ပြောကြားချက်အရ အောက်တိုဘာ ၇ ရက်က ပြင်းအား ၆ ဒသမ ၂ ပမာဏရှိ ငလျင်နှစ်ခုလှုပ်ခတ်ခဲ့သည်ဟု သိရသည်။ ပထမငလျင်သည် ဒေသစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို