ဩဂုတ် ၂၄

 

အာဖဂန်နစ္စတန်နိုင်ငံတွင် ဇူလိုင်လမှစတင်ကာဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့်  ပြီးခဲ့သည့်လအတွင်း  လူ ၁၇၀ ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

နိုင်ငံ၏အရှေ့ပိုင်းတွင် မိုးများသည်းထန်စွာရွာသွန်းခဲ့သည်။ ထို့ကြောင့်ရေကြီးရေလျှံမှုများဖြစ်ပွားကာ လော့ဂါပြည်နယ်တွင် လူ ၂၀ ခန့်သေဆုံးခဲ့ပြီး နေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် လယ်မြေများ ပျက်စီးခဲ့သည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် နေအိမ်များဆုံးရှုံးသွားသော ဒေသခံလူအများအပြားသည် စာသင်ကျောင်းတစ်ကျောင်းတွင် ခိုလှုံနေကြရသည်။

 

အာဖဂန်နစ္စတန်နိုင်ငံသည် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့သည့် ဇွန်လကဖြစ်ပွားခဲ့သော အင်အားပြင်းငလျင် အပါအဝင် သဘာဝဘေးအန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ 

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို