အာဖဂန်နစ္စတန်နိုင်ငံ၌ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ဇူလိုင်လအတွင်း လူ ၆၀၀၀ ကျော်ရေဘေးသင့်၊ ၄၀ ထက်မနည်းသေဆုံး

ဩဂုတ် ၃၀

အာဖဂန်နစ္စတန်နိုင်ငံတွင် ဇူလိုင်လအတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူ ၆၀၀၀ ကျော်သေဆုံးပြီး ၄၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့အာဖဂန်နစ္စတန်က ဩဂုတ်လ ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရေကြီးမှုကြောင့် လယ်ယာမြေများပျက်စီးသွားခဲ့ပြီး စားဝတ်နေရေးထိခိုက်မှုများပြားခဲ့သည်ဟု ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုမြင့်မားလေ့ရှိသောနိုင်ငံဖြစ်သည်။ ဇူလိုင်လအတွင်း နေအိမ် ၅၅၁ လုံးပျက်စီးခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ဇူလိုင်လကုန်ပိုင်းအထိ ကလေး ၁၅ ဒသမ ၈ သန်းအပါအဝင် လူပေါင်း ၂၉ ဒသမ ၂ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် နိုင်ငံတကာအဖွဲ့အစည်းများသည်  ရန်ပုံငွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရဆဲဖြစ်သဖြင့် ထိုအဖွဲ့အစည်းသည် ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတောင်းခံမှုကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ၄၈ ရာခိုင်နှုန်း ရန်ပုံငွေထောက်ပံ့ထားကြောင်း ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို