၂၈ နိုဝင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ၎င်းတို့၏မော်တော်ယာဉ်တစ်စီးကို ထိမှန်ကာ အမျိုးသမီးများနှင့်ကလေးများ အပါအဝင် အရပ်သား ၁၅ ဦး သေဆုံးခဲ့သည်။
ထိုပေါက်ကွဲမှုမှာ ကွန်ဒက်ဇ် ပြည်နယ်လမ်းမပေါ် ထိုမော်တော်ယာဉ် မောင်းနှင်နေစဉ် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန က ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ယင်းမော်တော်ယာဉ်ပျက်စီးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းတို့ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။
တာလီဘန်သူပုန်များသည် အာဖဂန်အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များ၊ အမေရိကန်စစ်တပ်များကို ပစ်မှတ်ထားကာ ၎င်းဗုံးဖောက်ခွဲခြင်း ဖြစ်နိုင်သည်ဟု ဒေသခံအာဏာပိုင်များက သံသယရှိကြသည်။
အမေရိကန်အစိုးရသည် တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ခဲ့ပြီး အမေရိကန်စစ်တပ်များ ပြန်လည်ရုပ်သိမ်းရန် အဓိက သဘောတူညီခဲ့သော်လည်း တာလီဘန်တို့၏ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုနောက်ပိုင်း စက်တင်ဘာလတွင် ထိုဆွေးနွေးပွဲများ ဆိုင်းငံ့ထားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


