၂၅ ဖေဖော်ဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ကူနာပြည်နယ်တွင် အာဖဂန်လေတပ်ဖွဲ့က ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ် စစ်သွေးကြွ လေးဦး သေဆုံးခဲ့သည်ဟု အာဖဂန်အထူးတပ်ဖွဲ့ဌာနချုပ်က ယနေ့ပြောကြားခဲ့သည်။

 

အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားများသည် ကူနာပြည်နယ်တွင် ပြီးခဲ့သည့် အကြမ်းဖက်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ထပ်လောင်းပြောကြားခဲ့သည်။

 

အာဖဂန်လုံခြုံရေးတပ်ဖွဲ့များသည် အယ်လ်ကေးဒါး၊ အိုင်အက်စ် နှင့် ကျေးလက်ဒေသရှိ အခြားသော အကြမ်းဖက်အုပ်စုများကို စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဖဂန်စစ်တပ် တာဝန်ရှိသူများက အစောပိုင်းက ပြောကြားခဲ့သည်။

 

ကူနာနှင့်နာဂါဟာ ပြည်နယ်များတွင်ရှိသော အိုင်အက်စ်စစ်သွေးကြွအုပ်စုကမူ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို