အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှ နာမည်ကြီး အီဂျစ်နှင့် နိုင်ဂျီးရီးယားအသင်းပွဲစဉ်တွင် နိုင်ဂျီးရီးယားအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် လေးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို ဇန်နဝါရီ ၁၇ ရက် ည ၁၀ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ နိုင်ဂျီးရီးယားအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နိုင်ဂျီးရီးယားအသင်းသည် အာဖရိကနိုင်ငံများဖလားကို သုံးကြိမ်ဆွတ်ခူးထားနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကျင်းပသည့် ပြိုင်ပွဲတွင် တတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ အီဂျစ်အသင်းဂိုးသမား မိုစတာဖာရှူဘီယာ လက်စွမ်းပြသနိုင်ခဲ့ပြီး နိုင်ဂျီးရီးယားအသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများကို ကာကွယ်နိုင်ခဲ့သည်။
မိုးဇက်


