ဒမတ်စကတ် ဩဂုတ် ၂၈
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ အလက်ပိုအပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုဩဂုတ် ၂၈ ရက် အစောပိုင်းတွင် အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပျက်စီးသွား ခဲ့ကြောင်း ဆီးရီးယားစစ်ဘက် ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်းလာထာကိယာ ပြည်နယ်အနောက်ဘက် မြေထဲပင်လယ် လမ်းကြောင်းမှ ဒေသ စံတော်ချိန် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်တွင် လေကြောင်းတိုက် ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လေဆိပ်ပြေးလမ်းနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးကာ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို ပျက်ပြားစေခဲ့ကြောင်း ဖော်ပြထားပြီး အသေးစိတ် အချက် အလက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။
ဆင်ဟွာ


