၁၄ ဖေဖော်ဝါရီ
ယမန်နေ့ညက ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် အနီးတစ်ဝိုက်ကို ပစ်မှတ်ထားကာ အစ္စရေးတို့သိမ်းပိုက်ထားသော Golan Heights မှ ပစ်လွှတ်ခဲ့သော ဒုံးကျည်အမြောက်အများကို ဆီးရီးယားလေကြောင်း ကာကွယ်ရေးက ကြားဖြတ်တိုက်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ၆ ရက်နေ့က အစ္စရေးတို့ နောက်ဆုံး တိုက်ခိုက်မှုကြောင့် ဒမတ်စကတ်၏အနောက်ဘက် ကျေးလက်ဒေသရှိ စစ်ဘက်ဆိုင်ရာနေရာအချို့ ထိခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် အီရန်လိုလားသူစစ်သွေးကြွ ၁၂ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယား အတိုက်အခံ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများသည် ဆီးရီးယားရှိအီရန်နှင့်အစ္စရေးတို့အကြား တင်းမာမှုများ ကို ထပ်မံ မီးမောင်းထိုးပြခဲ့သည်။ပြီးခဲ့သည့် လများက နှစ်နိုင်ငံအကြား ပဋိပက္ခများ ပို၍ပြင်းထန်လာခဲ့သည်။
၂၀၁၉ ခုနှစ်က ဆီးရီးယားရှိ ပစ်မှတ်များကို အစ္စရေးတို့တိုက်ခိုက်မှု ၁၇ ကြိမ်အထက် ဖြစ်ပွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


