အေသင် ၆ ဇန်နဝါရီ

 

အစ္စရေးနိုင်ငံက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်ခု တည်ဆောက်ရန် ဂရိနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့နှင့် သဘော တူညီချက်ရရှိခဲ့သည်။ ယခုတည်ဆောက်သော ပိုက်လိုင်း မှပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ကို အစ္စရေးက ဥရောပ နိုင်ငံများသို့တင်ပို့ရန် ရည်ရွယ်ထားသည်။

 

ယခုပြုလုပ် သောစီမံကိန်းအရ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ယူကရိန်းနိုင်ငံ တို့သည် ရုရှားမှ ဓာတ်ငွေ့မှီခိုဝယ်ယူရခြင်းကို လျှော့ချနိုင် မည်ဖြစ်သည်။

 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မိမိနိုင်ငံအတွက် သမိုင်းတွင်သောနေ့ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ တူရကီနိုင်ငံကမူ နိုင်ငံပိုင်ရေပြင်အတွင်းတွင် သဘာဝဓာတ်ငွေ့လုပ်ကွက်များကို ပိုမိုတိုးချဲ့လိုပြီး ယခု စီမံကိန်းအား ဆန့်ကျင်လျက်ရှိသည်။

 

ပြီးခဲ့သော နိုဝင်ဘာလအတွင်းက တူရကီနှင့် လစ်ဗျားတို့သည် အဆိုပါ သဘာဝဓာတ်ငွေ့စီမံကိန်းကို ပိတ်ဆို့ပြီး အထူး စီးပွားရေးဇုန်များ တည်ဆောက်ခဲ့သည်။ လေ့လာသူ များက မြေထဲပင်လယ်ဒေသတွင် သဘာဝဓာတ်ငွေ့ လုပ်ကွက်များကို ပိုမိုတိုးချဲ့ခြင်းသည် ဒေသတွင်း တင်းမာမှု၏ အကြောင်းရင်းဖြစ်သည်ဟု ပြောကြားခဲ့ သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ