အစ္စရေးနိုင်ငံ၌ အရေးပေါ်အစိုးရဖွဲ့စည်း

ဂျေရုဆလင်   အောက်တိုဘာ   ၁၂

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နှင့်     အတိုက်အခံပါတီခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်စ်တို့က အစ္စရေးနိုင်ငံ၌ အရေးပေါ် အစိုးရ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

နေတန်ယာဟုနှင့်    ကာကွယ်ရေး ဝန်ကြီးဟောင်းဂန့်စ်တို့က အောက်တိုဘာ ၁၁  ရက်တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက်  ယခုကဲ့သို့    ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နေတန်ယာဟု၊    ဂန့်စ်နှင့်  လက်ရှိ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ ပါဝင်သော   ဝန်ကြီး အဖွဲ့သည်  ၎င်းစစ်ပွဲ ရေးရာကိစ္စရပ်များကို စီမံခန့်ခွဲမည်ဖြစ်သည်။

အစိုးရသစ်သည်       ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်အား ရင်ဆိုင်တိုက်ခိုက်ရေးအတွက်     အစီအမံများ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။

စစ်ပွဲကာလအတွင်း     ယခုလက်ရှိ ဖြစ်ပွားနေသည့်စစ်ပွဲနှင့်မသက်ဆိုင်သည့် ဥပဒေကြမ်းများနှင့် အစိုးရ၏ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲဆောင်ရွက်မည်မဟုတ်ကြောင်း သိရသည်။

နေတန်ယာဟု၏အစိုးရနှင့် ဘန်နီဂန့်စ် ၏ အတိုက်အခံပါတီတို့သည် အစ္စရေး၏ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့်    အခြားပြည်တွင်းရေးကိစ္စများတွင် ဆန့်ကျင်ဘက်ဖြစ်နေသည်။

သို့သော်  နေတန်ယာဟုက ဟားမတ်စ်အဖွဲ့နှင့် ဖြစ်ပွားသည့် ပဋိပက္ခကို  ကိုင်တွယ်ဖြေရှင်းရန် အတိုက်အခံများနှင့် ပူးပေါင်းခြင်းဖြင့် ခိုင်မာသောအစိုးရ ထူထောင်ရန် ရည်ရွယ်ထားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ