၃၁ ဇန်နဝါရီ

အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်သုံးစင်း ယမန်နေ့ညက ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အစ္စရေးစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက  ထိုဒုံးကျည်နှစ်စင်းကို ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ်တိုက်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။

စဒေါ့မြို့ ရှိ စာပါးပညာရေးကောလိပ်အနီး ကွင်းပြင်တစ်ခုကို တတိယမြောက် ဒုံးကျည်ထိမှန်ကာ မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

 

p1

 

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး လတ်တလောတွင် မည်သည့်အဖွဲ့ကမျှ ပြောကြားခြင်းမရှိပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မကြာသေးမီက ကြေညာခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်သည် အစ္စရေးကို မျက်နှာသာပေး ဘက်လိုက်ခြင်း ဖြစ်သည်ဟုဆိုကာ ပါလက်စတိုင်းတို့က ငြင်းပယ်ခဲ့သည်။

ထိုငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်ပြီး ဒေသတွင်း တင်းမာမှုများဖြစ်နေချိန်တွင် ယင်းကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို