အစ္စရေးတပ်ဖွဲ့က ဂါဇာဒေသတွင် ထိုးစစ်အရှိန်မြှင့်တင်မည်

ဂျေရုဆလင် ဖေဖော်ဝါရီ ၂၆

အစ္စရေးတပ်ဖွဲ့သည် ဂါဇာဒေသတွင် ထိုးစစ်အရှိန်မြှင့်တင်မည့် အစီအစဉ်နှင့် ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ  အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည့်အစီအစဉ်တို့ကို ဝန်ကြီးအဖွဲ့အား တင်ပြခဲ့ကြောင်း  အစ္စရေးဝန်ကြီးချုပ်  နေတန်ယာဟု၏ရုံးက ယနေ့ပြောကြားသည်။

လူဦးရေ တစ်သန်းကျော် ခိုလှုံနေရသည့် ရာဖာဒေသတွင် မြေပြင်စစ်ဆင်ရေးမလုပ်ဆောင်ရန် နိုင်ငံတကာက အစ္စရေးကို တောင်းဆိုထားခဲ့သော်လည်း ယခုကြေညာချက် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

စားနပ်ရိက္ခာတင်ဆောင်လာသည့် ကုန်တင်ယာဉ်များကို အရပ်သားများ လုယက်ခံရခြင်းမှ ကာကွယ်ရန် ရည်ရွယ်၍ ဂါဇာမြောက်ပိုင်းသို့ တိုက်ရိုက်ဝင်ရောက်ရန်အမိန့်ကို အစိုးရအဖွဲ့က အတည်ပြုခဲ့သည်။

လက်ရှိတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယရေးကုန်တင်ယာဉ်များသည် တောင်ပိုင်း နယ်နိမိတ်အတွင်းရှိ ဖြတ်လမ်းမှတစ်ဆင့် ဂါဇာဒေသသို့ ဝင်ရောက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေတစ်သန်းခွဲကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ