နေပြည်တော် ၅  ဧပြီ

 

နိုင်ငံခြားရေးဝန်ကြီးဌာန ၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၅/၂၀၁၉)၏ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

 

mdn

 

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြားဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သင်တန်းနည်းပြ ဆရာကြီး / ဆရာမကြီးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းတွင် လက်ရှိဖြစ်ပေါ်တိုးတက်နေသော သံတမန်ရေးရာနှင့် သက်ဆိုင်သည့် သံခင်းတမန်ခင်း၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်၊ အလုပ်သမားဥပဒေဘာသာရပ်၊ မျက်မှောက်ခေတ်နိုင်ငံတကာရေးရာများ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များနှင့် မူဝါဒရေးရာ စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ရာ သင်တန်းကာလမှာ ရက်သတ္တ (၈)ပတ်ကြာမြင့်ခဲ့ပြီး၊ သင်တန်းသား/သင်တန်းသူ (၅၀) တက်ရောက်ခဲ့သည်။

 

mdn

 

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းများကို ပုံမှန် ဖွင့်လှစ်ပေးလျက်ရှိပြီး ပြင်ပပုဂ္ဂလိကဏ္ဍများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည်များကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးလျက်ရှိသည်။

 

အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (EDS) များကို အခြေခံသံတမန် ရေးရာကျမ်းကျင်မှု (BDS) တက်ရောက် အောင်မြင်ပြီးနောက် ဆက်လက်လေ့လာလိုသူများ အတွက် လက်ရှိဖြစ်ပေါ်တိုးတက်နေသော မျက်မှောက်ခေတ်ရေး ရာများနှင့် သံတမန်ရေးရာ ဘာသာရပ် များကို ပို့ချပေးခြင်းဖြစ်သည်။

 

mdn

 

နိုင်ငံခြားရေးဝန်ကြီးဌာန တွင် BDS သင်တန်းကို တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပပြီး EDS သင်တန်းကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)