အောက်လွှတ်တော်ဥက္ကဌ ရဲ့ ဒါဗို့စ်ခရီးစဉ်ကို ထရန့်ဖျက်သိမ်း 

mdn

၁၈ ဇန်နဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အတိုက်ခံပါတီ ဒီမိုကရက် ပါတီဝင် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ဆွတ်ဇာလန်၊ အီဂျစ်နဲ့ အာဖဂန်နစ္စတန် ခရီးစဉ်တွေကို မနေ့က ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ ဒီလိုဖျက်သိမ်းရတာဟာ အစိုးရရဲ့ ယန္တရားတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမှုတွေကြောင့်လို့ ဆိုပါတယ်။  

 

mdn

 

ခရီးစဉ်ဖျက်သိမ်းကြောင်း ရေးသားတဲ့ သမ္မတရဲ့ စာမှာ “အောက်လွှတ်တော်ဥက္ကဌ ပလိုစီ- ခင်ဗျားသွားမယ့် ဆွတ်ဇာလန် နိုင်ငံ  ဒါဗို့စ် ခရီးစဉ်နှင့် အီဂျစ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို သွားမယ့် ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။ ခင်ဗျားရဲ့ ၇ ရက်ကြာ လေ့လာရေးခရီးစဉ်ကို အစိုးရရဲ့ ယန္တရားရပ်ဆိုင်းမှုတွေ ပြီးဆုံးသွားမှ ပြန်စီစဉ်ရအောင်ပါ။ အခုလို ခရီးစဉ်ရွှေ့ဆိုင်လိုက်တာကို ခင်ဗျားလည်း သဘောတူမှာပါ” လို့ ခပ်ရွတ်ရွတ် ရေးသားထားပါတယ်။ 

 

အောက်လွှတ်တော်ဥက္ကဌနဲ့ အဖွဲ့ရဲ့ အာဖဂန်ခရီးစဉ်ဟာ စစ်မက်ဒေသကို သွားမှာဖြစ်တဲ့အတွက် US Air Force လေယာဉ်ကို အသုံးပြုဖို့စီစဉ်ထားပြီး  ပြည်သူကို အသိပေးထားတဲ့ ခရီးစဉ်မဟုတ်ဘူးလို့ သိရပါတယ်။ အောက်လွှတ်တော်ဥက္ကဌဟာ အီဂျစ်နိုင်ငံကို သွားမယ်လို့ ခရီးစဉ်မှာမပါရှိကြောင်း ရုံးအဖွဲ့က ပြောပါတယ်။ 

 

mdn

 

သမ္မတက ခရီးစဉ်ဖျက်သိမ်းပြီးနောက် အောက်လွှတ်တော်ဥက္ကဌက “သမ္မတရဲ့ အောက်လွှတ်တော်မှာ လာရောက်မိန့်ခွန်းပြောကြားမယ့် ဇန်နဝါရီ ၂၉ ကို ရွှေ့ဆိုင်းသင့်ကြောင်း၊ မဟုတ်ရင် အိမ်ဖြူတော်ကနေ မိန့်ခွန်း ပြောသင့်ကြောင်း” အကြံပြုထားပါတယ်။ 

 

ထရန့်ပြုလုပ်လိုတဲ့ မက္ကဆီကိုနယ်စပ်အား တံတိုင်းခတ်ရေး ရံပုံငွေသုံးစွဲခွင့်ကို  အောက်လွှတ်တော်က မီးစိမ်းမပြတဲ့အတွက် အစိုးရဌာနတွေရဲ့ အသုံးစရိတ်ကို သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်နေပါတယ်။ ဒီ့အတွက်ကြောင့် အစိုးရရဲ့ ယန္တရားတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားမှုတွေဟာ အခုဆိုရင် သီတင်းပတ် လေးပတ် ရှိသွားပြီဖြစ်ပါတယ်။ 


MDN
ကိုးကား -AFP