နေပြည်တော် ၂၈ စက်တင်ဘာ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ လပတ်နှင့် အောက်တိုဘာလ ပထမ(၁၀)ရက်ပတ် အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်များကို ယနေ့ ထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့ တို့တွင် (၁)ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ တွင် (၁)ကြိမ်ခန့်နှင့် တိုးမြစ်ရေ သည် မအူပင်မြို့တွင် (၁)ကြိမ်ခန့် ယင်း မြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း သိရသည်။
အောက်တိုဘာလ ပထမ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၂-ပေမှ ၄-ပေခန့် လက်ရှိရေအမှတ်များ အထက်မြင့်တက်လာနိုင်ပြီး၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၃-ပေခန့် လက်ရှိ ရေအမှတ်များအောက် ကျဆင်းလာနိုင်သည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂-ပေမှ ၄-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။
MDN


