အောင်လံ  ၇ မေ

 

စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းကျွမ်းကျင်သော စာကြည့်တိုက်မှူးများ ဖြစ်ပေါ်လာစေရေးတို့အတွက် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးဆောင်ရွက်သော စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဆရာဦးတင်ဝင်းနှင့် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းတို့က ဦးဆောင်၍ တက်ရောက်လာသော ဆရာ ဆရာမများ၊ စာကြည့်တိုက်မှူးများနှင့်အတူ စာကြည့်တိုက်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အမျိုးသမီးရေးရာ အသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)

 

1