နေပြည်တော် ၃ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ နာရီက သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် တရော်ကုန်းရပ်ကွက်၊ မဟာမြိုင်လမ်းနှင့် ရတနာမြိုင်လမ်းထောင့်အရောက် မကွေးဘက်မှ ပြည်ဘက်သို့ စက်ရုံရပ်ကွက်နေ ဖြိုးကိုကို(ခ)ကိုဖြိုး (၂၃)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဝင်းသီဟ(၂၃)နှစ် လိုက်ပါစီးနင်းလာသော ၄၇ယ/××××× CATOL CZI 125 ဆိုင်ကယ်ပေါ်တွင် ကားတံခါးဟောင်း(၁)ချပ်အား တင်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရာ အဆိုပါကားတံခါးအား ဇေယျဝတီရပ်ကွက်နေ ဦးရဲဝေ၏ ကားဝပ်ရှော့ခြံဝင်းရှေ့မှ ခိုးယူလာကြောင်း သိရှိရသည်။

ဆက်လက်၍ ၎င်းတို့(၂)ဦး၏ ခန္ဓာကိုယ်အား ဆက်လက်စစ်ဆေးရာ ဝင်းသီဟဝတ်ဆင်ထားသော ဘောင်းဘီခါးကြား၌ အရိုးအသွား(၉)လက်မခန့်ရှိ ဝါးရိုးတပ်ဓားမြှောင်(၁)ချောင်းအား တွေ့ရှိရသောကြောင့် ဖြိုးကိုကို(ခ)ကိုဖြိုးနှင့် ဝင်းသီဟအား အောင်လံမြို့မရဲစခန်းမှ အမှုအသီးသီးဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား