မန္တလေး ၁၀ မတ်
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်း၏ အနောက်ဘက်အနီးတွင် ယနေ့နံနက် ၁၀ နာရီ ၄၄ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားရာ နေအိမ် (၁၄)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ဦးဖိုးထွေး၏ နေအိမ်အပေါ်ထပ်မှ TV တွင် တပ်ဆင်ထားသည့် safeguard အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၃၀) ဦးတို့က အုပ်ချုပ်မှုယာဉ် (၃) စီး၊ မီးငြှိမ်းသတ်ယာဉ် (၃၀) စီး၊ ရေသယ်ယာဉ် (၂၀) စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ကျွမ်းခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် သက်ဆိုင်ရာနယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


