၂၇ နိုဝင်ဘာ

တောင်အမေရိကတိုက်၊ ပြင်သစ်ဂီအားနားရှိ အာကာသစခန်းတစ်ခုမှ အီဂျစ်နိုင်ငံ၏ ပထမဆုံးသော ဆက်သွယ်ရေး ဂြိုဟ်တုကို ယမန်နေ့က အောင်မြင်စွာလွှတ်တင်ခဲ့သည်ဟု အီဂျစ်နိုင်ငံ၏ တရားဝင် ဝက်ဘ်ဆိုက် အာဟမ်အွန်လိုင်း နယူးစ်တွင် ဖော်ပြထားသည်။

 

es1

 

ပြင်သစ်ကုမ္ပဏီ Arianespace နှင့် အီဂျစ်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တို့အကြား အစည်းအဝေးများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီးနောက် တီဘာ-၁ ဂြိုဟ်တုကို ပြင်သစ် ဂီအားနား၊ Kourou မြို့ရှိ စခန်း၌ အင်္ဂါနေ့တွင် လွှတ်တင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

 

es2

 

Ariane 5 ဒုံးပျံဖြင့် လွှတ်တင်ခဲ့သော အီဂျစ်နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို ပြီးခဲ့သည့် သောကြာနေ့က လွှတ်တင်ရန် ကနဦးစီစဉ်ခဲ့သော်လည်း ထိုဂြိုဟ်တု လွှတ်တင်မည့်စခန်းသို့ စွမ်းအင်ထောက်ပံ့မှုနှင့်ပတ်သက်ပြီး  ချွတ်ယွင်းမှုရှိသဖြင့် လွှတ်တင်ရေး ရွှေ့ဆိုင်းခဲ့ရသည်။

အီဂျစ်အာကာသအေဂျင်စီ အကြီးအကဲ မိုဟာမက် အယ်လ်ကွန်စီက ၎င်းဂြိုဟ်တု လွှတ်တင်ရေး ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခြင်းသည် ရာသီဉတုအခြေအနေ နှင့် လေတိုက်နှုန်းကြောင့်ဖြစ်ကြောင်း ပြီးခဲ့သည့်တနင်္လာနေ့က ပြောကြားခဲ့သည်။

တီဘာ-၁ ဂြိုဟ်တုကို အီဂျစ်အစိုးရက ပိုင်ဆိုင်ပြီး အီဂျစ်နိုင်ငံတစ်ဝှမ်း ဝေးလံသောဒေသနှင့် သီးခြားတည်ရှိသည့်ဒေသများသို့ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ စီစဉ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုဂြိုဟ်တု လွှတ်တင်ပြီး သုံးလအတွင်း လုပ်ငန်းလည်ပတ်မည် ဟု သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို