အီဂျစ်အသင်းဟာ ဇန်နဝါရီ ၅ ရက်ညပိုင်းက ဘီနင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်မှာ   အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အီဂျစ်အသင်းနဲ့ ဘီနင်အသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပိုကစားရာမှာ အီဂျစ်အသင်းက နှစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့လို့  အီဂျစ်အသင်းက ဘီနင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ တိုက်စစ်မှူး မိုဟာမက်ဆာလာအနေနဲ့ အီဂျစ်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိကျင်းပနေတဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ စတင်ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် မိုဟာမက်ဆာလာဟာ လက်ရှိအချိန်မှာ အာဖရိကနိုင်ငံများ ဖလားရယူဆွတ်ခူးနိုင်မယ့် မျှော်လင့်ချက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ ဘီနင်အသင်းကို အနိုင်ရရှိခဲ့တာကြောင့်  အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၀ ရက်မှာ အိုင်ဗရီကို့စ်အသင်း သို့မဟုတ် ဘာကီနာဖာဆိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ငွေကြယ်