အီဂျစ်နိုင်ငံ နိုင်းမြစ်၌ ကူးတို့လှေတိမ်းမှောက်ရာ သုံးဦးသေဆုံး

 

ကိုင်ရို၊ ဖေဖော်ဝါရီ ၂၆

 

အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုအနီး ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ကူးတို့ လှေတိမ်းမှောက်မှုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး အခြားလေးဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ ပျောက်ဆုံးသူများကိုလည်း ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ချက်တွင် ပြောကြားသည်။

နစ်ခ်လာ့ကျေးရွာအနီး လှေမတိမ်းမှောက်မီ လှေပေါ်တွင် အလုပ်သမား ၁၀ ဦးထက်မနည်း တင်ဆောင်ခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် အာရမ်အွန်လိုင်းသတင်းဌာနက ထုတ်ပြန်ထားသည်။

ဆေးရုံတက်ရောက်နေသည့် အလုပ်သမားလေးဦးအနက် သုံးဦးမှာ အသက်ရှူကျပ်ခြင်းခံစားနေရပြီး တစ်ဦးမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။     

ဆင်ဟွာ