အီရန်နိုင်ငံတွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒပြမှုဖြစ်ပွားရာ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုဖြစ်ပွားရာ ဆန္ဒပြပွဲအတွင်း အနည်းဆုံး ၂၀၈ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှ ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးသို့ ပျံ့နှံသွားခဲ့ပြီး အများပြည်သူပိုင်ဆိုင်သည့် အဆောက်အဦပေါင်း ၁၄၀ မီးလောင်ပျက်စီးခဲ့ရကြောင်း အီရန်နိုင်ငံပိုင် သတင်းစာက ပြောကြားခဲ့သည်။

 

ဒုက္ခသည်များ၏ ဆွေမျိုးများ၊ သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် အီရန်နိုင်ငံအတွင်းနှင့် ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များကို အခြေခံပြီး ယမန်နေ့က လန်ဒန်အခြေစိုက်လူအခွင့်အရေးအဖွဲ့က အဆိုပါ အရေအတွက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသူများသည် အီရန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့၏ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်မှုကြီး၏ သက်သေများပင်ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။

 

ဒုက္ခသည်များ၏ မိသားစုဝင်များကို ခြိမ်းခြောက်ခြင်း၊ မီဒီယာများနှင်စကားပြောခြင်း သို့မဟုတ် သေဆုံးသူများအတွက် ကျန်ရစ်သူများက အသုဘအခမ်းအနားများပြုလုပ်ခြင်းတို့မပြုရန် သတိပေးခဲ့ခြင်းများအပေါ် ၎င်းတို့က ပြစ်တင်ဝေဖန်လိုက်သည်။

 

ယမန်နေ့က အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း  ဂျွန်ဘော်လ်တန် က အီရန်အစိုးရအား တွစ်တာတွင် ဝေဖန်မှုပြုလုပ်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေရာများစွာတွင် လက်နက်မဲ့သည့် ဆန္ဒပြသူများကို ပစ်သတ်ခဲ့ကြကြောင်း အီရန်နိုင်ငံအပေါ်တွင် သဘောထားတင်းမာသူဟု လူသိများသည့် ဂျွန်ဘော်လ်တန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူများကို သတ်ဖြတ်သည့်အစိုးရနှင့် နျူကလီးယားအရေးကိစ္စရပ်များကို ညှိနှိုင်းရန် အယုံအကြည်မရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

 

ဆန္ဒပြပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု အီရန်အစိုးရက ဝန်ခံခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ သေဆုံးမှုစာရင်းမှာမူ အခြေအမြစ်မရှိကြောင်း အီရန်နိုင်ငံက ငြင်းဆိုထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn